အားပေးကြသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုရာဆန္ဒတစ်လုံးတ၀တည်းပြည့်စုံနိုင်ကြပါစေ

7/13/2013

Samsung Galaxy S4 ကို ဖုန်းအားသွင်းရာမှအပူလွန်ကဲပြီး မီးလောင်










ဖုန်းတွေ အပူရှိန်မြှင့်လာတာ ၊ အပူလွန်ကဲတတ်တာဟာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း အပူလွန်ကဲမှုအမြင့်ဆုံးဖြစ်သွားပြီဆိုရင်တော့ အသုံးပြုသူကို အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်လာပြီး စိုးရိမ်ရတဲ့အနေအထားတစ်ရပ်ဖြစ်နေပါပြီ ။ UAE နိုင်ငံမှ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ယောက်ဟာ သူ့ရဲ့ Samsung Galaxy S4 ကို တစ်ညလုံးအားသွင်းထားလိုက်တာ ဖုန်းကအပူရှိန်လွန်ကဲပြီး မနက်မိုးလင်းတော့ ပုံမှာပြထားတဲ့အတိုင်း ဖုန်း USB အားသွင်းကြိုး ၊ ဖုန်းရဲ့ Charger ပေါက်နေရာနဲ့
ဖုန်းအောက်ခြမ်းတစ်ခုလုံးနီးပါး လုံးဝကိုမီးကျွမ်းသွားပါတယ်။ ဒီကိစ္စကို Samsung Showroom ကို ပြသခဲ့အခါ Samsung က Samsung Galaxy S4 တစ်လုံးနဲ့ပြန်လည် လဲလှယ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ Online မှာရော အပြင်မှာပါအတော်လေးပျံ့နှံ့နေပြီး ဝေဖန်သုံးသပ်သူတွေကလည်း “Samsung S3 ရဲ့ hardware ကိုယ်ထည်ပိုင်းထက် Samsung Galaxy S4 ကဘာမှပိုထူးခြားမလာတဲ့အပြင် နောက်ဘက်ပလတ်စတစ်ခြမ်းကပါးလွန်းလို့ သာမန်ဖုန်းပြောရာမှာတောင်ခဏနဲ့ပူလာတယ်လို့ ဝေဖန်သုံးသပ်နေကြပါတယ်။ “နာမည်ကြီး Brand တစ်ခုအနေနဲ့ သူ့ရဲ့အသုံးပြုသူတွေကို ဒီပစ္စည်းသုံးစွဲတဲ့အတွက် ပစ္စည်းရဲ့ quality နဲ့စိတ်ချရမှုအပိုင်းကို အာမခံချက်အပြည့်အ၀ပေးနိုင်ဖို့လိုပါတယ်” လို့မိုဘိုင်းဖုန်းဆိုင်ရာလေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref : SamMobile , Myanmar Mobile App Website

No comments:

Post a Comment