အားပေးကြသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုရာဆန္ဒတစ်လုံးတ၀တည်းပြည့်စုံနိုင်ကြပါစေ

6/16/2013

Samsung Galaxy Tab 3 အကြောင်း











Samsung ဟာ နည်းပညာလောကအတွက် စမတ်ဖုန်းမြောက်များစွာ ဈေးကွက်ကို ပို့ဆောင်ပေးခဲ့ခြင်းနဲ့အတူ အခြားဘက်ကနေလည်း Galaxy Note, Tab လို စမတ်ဖုန်းနဲ့ Tablet နဲ့ ဖက်ရှင်နှစ်ခုကို တွဲဖက်လုပ်ဆောင်လို့ရမယ့် device တွေနဲ့ ထုတ်လုပ်ထားပါတယ်။ Tab ဟာ သူတို့ရဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုလို့ မဆိုသာပေမယ့် အခြားဘက်က ကြည့်မယ်ဆိုရင်တော့ Tablet လောကကို ပြိုင်ဆိုင်ဖို့အတွက် ထုတ်လုပ်မှုအဖြစ် သတ်မှတ်နိုင်ပါတယ်။ သူ့ရဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ ASUS, iPad တို့ကို အဘက်ဘက်က ယှဉ်ပြိုင်နိုင်အောင် ထုတ်လုပ်ထားတဲ့ Device တွေလို့ ဆိုနိုင်ပြီး အနည်းငယ်မျှသော လုပ်ဆောင်ချက်တွေ ပါဝင်မှုကြောင့် ထင်ပေါ်ကျော်ကြားမှု မရှိခဲ့ဘူး ဒါပေမယ့် tab 2 ကစလို့ ဆမ်ဆောင်းရဲ့ Device တွေကို လူစိတ်ဝင်စားမှု များပြားလာခဲ့တယ်။ ယခုထွက်ရှိတဲ့ Tab 3 ဟာဆိုရင် Tablet တွေမှာ ပါဝင်တဲ့ လုပ်ဆောင်မှုတွေကို သုံးစွဲလို့ရအောင် ပြုလုပ်နိုင်ခဲ့တယ်။ ဆမ်ဆောင်းဟာ Tab 3 ကို သုံးမျိုးထုတ်လုပ်ထားပြီး
7.0, 8.0 နဲ့ 10.1 ဆိုပြီး သုံးစွဲသူတွေဆီကို ရောက်ရှိလာတော့မှာပါ။ ကိုရီးယားအခြေစိုက် နည်းပညာ ကုမ္ပဏီကြီးအနေနဲ့ ယခင်တုန်းက Tab 3 ထုတ်လုပ်မှုကို သတင်းစကားအနေနဲ့သာ ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့ရဲ့ Website မှာ အချက်အလက်တွေကို ထုတ်လွှင့်ခဲ့ပါတယ်။ Galaxy Series တွေနဲ့အတူ အောင်မြင်နေတဲ့ ဆမ်ဆောင်းဟာ Tab Series တွေကိုရော အကောင်းဆုံး ပံ့ပိုးထားနိုင်သလားဆိုတာ သူ့ရဲ့ ထူးခြားတဲ့ ပါဝင်မှုတွေကို လေ့လာကြည့်မှ သိမှာပါ။

Tab 3.0

Tab 3 7.0 ကို နှစ်မျိုးနှစ်စား ထုတ်လုပ်ပေးထားပြီး Wifi ဗားရှင်းနဲ့ 3G ဗားရှင်းတို့ပဲ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ 7″ ရှိတဲ့ Tab 3 ကို 1024 x 600 WSVGA မျက်နှာပြင်နဲ့အတူ 169 ppi ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့အတူ ထွက်ရှိလာမှာပါ။ Samsung ရဲ့ UI Touchwiz UX နဲ့အတူ 1.2 GHz dual-core Processor ကို 1GB RAM နဲ့ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ အချက်အလက် သိမ်းဆည်းနိုင်ဖို့အတွက် 16GB, 8GB ဖြစ်ပြီး SD Card နဲ့ ထပ်မံတိုးမြှင့်မယ်ဆိုရင်တော့ 64GB အထိကို တိုးမြှင့်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ 3MP ရှိတဲ့ အဓိက ကင်မရာဟာ အခြား Tablet တွေထက်စာရင် အတော်အသင့်သာ သင့်တော်တဲ့ ရုပ်ထွက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကလည်း 1.3MP သာဖြစ်ပြီး Video Chat ပြုလုပ်မှုကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ Tab 3 မှာ ဆမ်ဆောင်းရဲ့ အဓိကလုပ်ဆောင်ချက်တွေဖြစ်တဲ့ ဆမ်ဆောင်း Hub နဲ့ Chat-on တို့လိုဝန်ဆောင်မှုတွေလည်း ပါဝင်လာပါလိမ့်မယ်။ Android 4.1 Jelly Bean OS ကို သုံးစွဲသွားနိုင်မှာဖြစ်ပြီး Sensor 3 မျိုးသာ ပါဝင်ပါတယ်။ 4000 mAh Battery ကိုထည့်သွင်းပေးထားပြီး ဂိမ်းနဲ့ ရုပ်ရှင်တွေကို ကြည့်ရှုတဲ့အချိန်မှာ အချိန်ကြာမြင့်စွာ ကြည့်ရှုနိုင်ပါလိမ့်မယ်။ Tab 10.1 နဲ့ ယှဉ်မယ်ဆိုရင်တော့ ဘတ္ထရီအင်အားဟာ နည်းတယ်လို့ ဆိုနိုင်ပါတယ်။

Tab 8.0

8″ မြင်ကွင်းကို ခံစားရရှိနိုင်မယ့် Tab မှာ Android OS 4.2 JB ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မြင်ကွင်းကျယ်မှာ ပုံရိပ်တွေကို အကောင်းဆုံး ဖော်ပြနိုင်စေဖို့အတွက် 189 ppi ထောက်ပံ့ပေးထားပြီး TFT capactive မျက်နှာပြင်ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ 1.5 GHz dual-core Processor ကို ထည့်သွင်းပေးထားပြီး 1.5 GB RAM အထောက်အပံ့ရှိမယ့် Tab 8 ဟာ အခြား Tab 3 တွေထက်စာရင် လုပ်ဆောင်မှုပိုင်းမှာ ပြည့်ပြည့်ဝဝ ကောင်းမွန်ပါတယ်။ အသံစနစ်အတွက် Dolby Surround စနစ်ကို ထည့်သွင်းပေးထားတာကြောင့် ရုပ်ရှင်နဲ့ သီချင်းတွေကို နားဆင်တဲ့ အချိန်မှာ တကယ့် studio ထဲမှာ နားဆင်နေရတဲ့ ပုံစံလိုမျိုး ခံစားရရှိနိုင်မှာပါ။ အချက်အလက် သိုမှီးနိုင်စွမ်းအတွက် 16/32GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး SD Card ကနေ ထပ်မံ တိုးမြှင့်မယ်ဆိုရင် 64GB အထိကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ 5MP Camera ကို သုံးစွဲနိုင်မှာဖြစ်ပြီး လက်ရှိ Tab 3 တွေထဲမှာ အရည်အသွေးအမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ Movie တွေ ရိုက်ကူးမယ်ဆိုရင်တော့ 720p အရည်အသွေးသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 3G နဲ့ LTE Version တွေအတွက် Sensor 3 မျိုး သုံးစွဲနိုင်မှာ ဖြစ်တယ်။ ၁၁ အောင်စ အလေးချိန်ရှိပြီး 7.4mm သာ အထူရှိပါတယ်။ ဒါ့ကြောင့် 9.9mm ရှိတဲ့ Tab 3 7.0 ထက် ပိုမို ပါးလွှာပါတယ်။ အချက်အလက်ပေးပို့နိုင်မှုအတွက် Bluetooth 4.0 စနစ်က ပိုမိုလျင်မြန်တဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးအပ်ပါလိမ့်မယ်။

Tab 10

10.1 ကိုလည်း အခြားဗားရှင်းတွေနည်းတူ 3G Wifi နဲ့ LTE ဗားရှင်းဆိုပြီးတော့ သုံးမျိုးရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Android OS 4.2 JB ကိုပဲ သုံးစွဲနိုင်မှာဖြစ်ပြီး အဓိက ကင်မရာကိုတော့ 3.15 MP သာ ပေးစွမ်းထားပါတယ်။ မျက်နှာပြင်ကျယ်ကျယ်နဲ့ စာအုပ်တွေ ဖတ်ရှုလိုသူတွေအတွက် Multi Windows စနစ်အသုံးပြုနိုင်မယ့် 10.1 ဟာ tablet တစ်လုံးရဲ့ လုပ်ဆောင်နိုင်မှုတွေကို အပြည့်အဝ မြင်တွေ့နေရပါတယ်။ ရှေ့ဘက်ကင်မရာငယ်ကို 1.3MP ပေးထားပြီး 1.6GHz dual-core အထောက်အပံ့နဲ့ ဖြစ်တာကြောင့် Movie တွေ ကြည့်တဲ့အခါမှာ ဒါမှမဟုတ် အင်တာနက်သုံးစွဲတဲ့ အချိန်တွေမှာ မြန်ဆန်တဲ့ လုပ်ဆောင်ချက်ကို ရရှိပါလိမ့်မယ်။ 149ppi ပုံရိပ် ဖော်ပြနိုင်စွမ်း 1280x800p နဲ့အတူ TFT ထိတွေ့မျက်နှာပြင်အစွမ်းဟာ tablet တွေလောက် ထောက်ပံ့မှု မကောင်းနိုင်ပေမယ့် မြင်ကွင်းတွေကိုတော့ ရှင်းလင်းစွာ တွေ့ရနိုင်ပါတယ်။ အင်တာနက်မှာ ဝက်ဘ်ဆိုက်တွေ ကြည့်ရှုဖို့အတွက် HTML 5 ကို ထောက်ပံ့ပေးထားတယ်။ အခြား Device တွေနဲ့ ဂိမ်းတွေ၊ Photo တွေ လွှဲပြောင်းနိုင်စေဖို့အတွက် Bluetooth 4.0 ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုတွေကိုလည်း 720p သာ ရရှိနိုင်မှာ ဖြစ်တယ်။ ဘတ္ထရီကိုတော့ 6800mAh ဖြစ်တာကြောင့် လက်ရှိထွက်ထားတဲ့ tab 3 ထဲမှာ အရည်အသွေးအမြင့်မားဆုံးလို့ ဆိုနိုင်ပါတယ်။

Tab 3 Feature

Chat on

S4 မှာ ပါဝင်လာပြီး လူသိများတဲ့ Application ကို Tab 3 မှာပါ တွေ့မြင်ရဖွယ် ရှိပါတယ်။ ဒါဟာ ဘာလဲဆိုရင် သူငယ်ချင်းတစ်ယောက်နဲ့ ဗီဒီယို Chat ပြောဆိုနေတဲ့အချိန်မှာ အခြားသူငယ်ချင်းတစ်ယောက်နဲ့ ဗီဒီယို Chat ပြုလုပ်နိုင်မှာပါ။ မိမိဘယ်သူနဲ့ Chat ပြုလုပ်နေတယ်ဆိုတာ အခြားတစ်ယောက်ကို ပြသနိုင်ပါလိမ့်မယ်။ PlayStore ကနေတစ်ဆင့် အခမဲ့နဲ့ အခြားတစ်ယောက်ကို ပြသနိုင်ပါလိမ့်မယ်။ Google Now ဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ရထားထွက်ချိန်၊ လေယာဉ်အဝင်အထွက်တွေကို ဖော်ပြပေးမှာပါ။ ပြည်တွင်းနဲ့တော့ ကိုက်ညီမှု မရှိသေးပါဘူး။

Multimedia

Tab 3 ကို media ပိုင်းအတွက် အကောင်းဆုံး မြင်တွေ့ရဖို့ရှိပြီး 5MP, 3MP ကင်မရာနဲ့ ရိုက်ကူးနိုင်စွမ်း ရှိတယ်ဆိုပေမယ့်လည်း ဗီဒီယိုတွေကို ပြန်လည်ကြည့်ရှုတဲ့အခါမှာတော့ 1080 p ရှိတဲ့ HD Movie တွေကို ဖော်ပြနိုင်စွမ်း ရှိပါတယ်။ Google Maps ဟာ တည်နေရာတွေကို တိတိကျကျ ဖော်ပြပေးဖို့အတွက် စွမ်းဆောင်နိုင်စွမ်းရှိပြီး အချက်အလက်တွေကို ပြန်လည်ဝေမျှနိုင်ဖို့အတွက် Bluetooth ကတော့ 3.0 ပဲပါဝင်ပါတယ်။ Sensor ကို Wifi ဗားရှင်းအတွက် သုံးမျိုး၊ 3G Version အတွက် ၄ မျိုး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google Service ကို အလုံးစုံ ထောက်ပံ့ပေးထားပါတယ်။

Ref & Credit to Mobile Guide Journal , Myanmar Mobile App

No comments:

Post a Comment