အားပေးကြသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုရာဆန္ဒတစ်လုံးတ၀တည်းပြည့်စုံနိုင်ကြပါစေ

6/16/2013

iPhone 6 ဟာအမှန်တကယ်ထွက်ရှိလာတော့မှာလား




Apple ရဲ့ WWDC 2013 ပွဲကျင်းပချိန်မှာ Apple Users အများစုဟာ iOS 7 နှင့်အတူ iPhone 5 ကိုအဆင့်မြှင့်တင်ထားသော iPhone 5S ကိုပွဲထုတ်ပြသလိမ့်မည်ဟု ခန့်မှန်းခဲ့ကြပေမယ့် Apple ဟာ အသွင်အပြင်လုံးဝပြောင်းလဲထားပြီး Function တစ်ချို့အဆင့်မြှင့်တင်ထားတဲ့ iOS 7 ကိုသာပြသခဲ့တာကြောင့် iPhone 5S မျှော်လင့်ချက်ဟာ မှေးမှိန်သွားခဲ့ရပြန်ပါတယ်။ ဒါပေမယ့် Apple ရဲ့သတင်းအရင်းအမြစ်တစ်ခုကနေ iPhone 5S မဟုတ်ဘဲ iPhone 6 နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ ထွက်ပေါ်လာပြန်တာကြောင့် iPhone users တွေအတွက် iPhone အသစ်မျှော်လင့်ချက်ဟာ
ပြန်လည်ဆန်းသစ်လို့လာပြန်ပါတယ်။ ” iPhone အသစ်ထွက်ချိန်မှာ iOS 7 ကအဆင့်သင့်ဖြစ်နေရမှာပါ။ အခုလက်ရှိမှာ iPhone အသစ်မှာထည့်သွင်းမယ့် iOS 7 ဟာ users feed back စောင့်နေရဆဲကာလဖြစ်တာရယ် ၊ iOS 7 မှာသုံးလို့အဆင်ပြေမယ့် Software,game တွေရေးသားပေးနေတဲ့ ကုမ္ပဏီကြီးများနဲ့ညှိနှိုင်းနေရဆဲကာလဖြစ်တာကြောင့် လက်ရှိမှာ Beta အနေနဲ့ပဲပြင်လိုက်ထုတ်လိုက်လုပ်နိုင်ပါသေးတယ်။ အလားတူပဲ iOS 7 နဲ့ Compatible ဖြစ်မယ့် iPhone ဒီဇိုင်း ၊ hardwrae ပိုင်းဟာလည်း တသမတ်တည်းမရှိဘဲ ထုတ်လုပ်ခါနီးအချိန်အထိအပြောင်းအလဲရှိနေပါတယ်။ ဒါကြောင့် iOS 7 stable နဲ့ iPhone အသစ်ကို တစ်ပြိုင်တည်းပွဲထုတ်ဖို့ Apple အကြီးတန်းတာဝန်ရှိသူတွေက ရည်ရွယ်နေကြပါတယ် ” လို့ Apple ဒီဇိုင်းဌာနမှ အင်ဂျင်နီယာတစ်ဦးကပြောပါတယ်။

တစ်ချို့ မိုဘိုင်းဖုန်းဆိုင်ရာခန့်မှန်းသူများကလည်း Apple CEO Tim Cook ဟာ Finger Print နည်းပညာကို iOS အတွက်စမ်းသပ်နေကြောင်း ပြောကြားခဲ့ဖူးတာဖြစ်လို့ iPhone အသစ်မှာ Finger Print နည်းပညာတွဲဖက်ပါဝင်လာနိင်ဖွယ်ရာရှိကြောင်းကိုလည်း ခန့်မှန်းသုံးသပ်နေကြပါတယ်။ “Apple ဟာ ဖုန်းကို Screen အကြီးနဲ့ထုတ်ဖို့ iPhone ရဲ့ဖန်တီးရှင်ဖြစ်ခဲ့တဲ့ Steve Job လက်ထက်မှာကတည်းက ဆန္ဒမရှိခဲ့ဘူး ၊ Steve Job အလွန်ခေတ်မှသာ iPhone 5 ကို ၄ လက်မနဲ့ထုတ်ပေးခဲ့ပေမယ့် အသစ်ထွက်လာမယ့် iPhone ဟာလည်း Screen size 4.5 လက်မထက်ပိုပြီး ကြီးမားဖွယ်မရှိဘူး ။ ဒါပေမယ့် Camera ကိုတော့ 18 Megapixel နဲ့တပ်ဆင်အသုံးပြုဖွယ်ရှိပါတယ် ” လို့ Apple iPhone အစိတ်အပိုင်းတွေကို အဓိကတပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Foxxcon ကုမ္ပဏီရဲ့ အကြီးတန်းအင်ဂျင်နီယာတစ်ဦးကပြောပါတယ်။ iPhone 5S သို့ 6 မှာ လက်ရှိ Retina Display ထက်ရုပ်ထွက်နှစ်ဆပိုမိုကောင်းမွန်တဲ့ Retina 2 Display ပါဝင်မယ်ဆိုတာပါဝင်လာမယ်လို့လည်း မိုဘိုင်းပညာရှင်များကသုံးသပ်ကြပါတယ်။ မည်သို့ပင်ဖြစ်စေ iOS 7 stable ဖြစ်တဲ့အချိန်ကို iPhone အသစ်ကစောင့်နေတာဖြစ်လို့လက်ရှိအချိန်အတွင်းမှာတော့ iPhone 5S/ 6 ကထွက်ရှိမလာနိုင်သေးတာအမှန်ပါပဲ။ ဒါကြောင့် ” ဒီဇိုင်းရဲ့သင်္ကေတ ၊ သင့်စိတ်ထဲမှာရှိနေတဲ့ ဖန်တီးမှု ” လို့ကြွေးကြော်ပြီးထွက်ရှိလာမယ့် iPhone အသစ်ရဲ့အကြောင်းကိုတော့ ဖန်တီးရှင် Apple ကပဲအဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

Credit : Myanmar Mobile App

No comments:

Post a Comment