အားပေးကြသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုရာဆန္ဒတစ်လုံးတ၀တည်းပြည့်စုံနိုင်ကြပါစေ

6/16/2013

ကမ္ဘာ့ အပါးလွှာဆုံးဖြစ်အောင် ထုတ်လုပ်ထားသည့် Huawei Ascend P6






အပါးလွှာဆုံးဖြစ်စေရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသည့် Huawei Ascend P6 စမတ်ဖုန်းသစ်ကို လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် မိတ်ဆက်ပြသမည်ဟု Huawei ၏ Facebook စာမျက်နှာ တွင် ဖော်ပြ ထားရှိကြောင်း သိရသည်။ Huawei ၏ ဥက္ကဌ Richard Yu ကလည်း Huawei ၏ P series သစ်ကို လာမည့် ဇွန်လ ၁၈ ရက်နေ့ တွင် လန်ဒန်၌ မိတ် ဆက်ပြသမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ အသစ်ထုတ်လုပ်မည့် Huawei Ascend P6 သည်
6.18mm အထူ ဖြင့် ကမ္ဘာပေါ်တွင် အပါးလွှာဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ထုတ်လုပ်ထားကြောင်း သိရသည်။ ၄.၇ လက်မ 720p HD မျက်နှာ ပြင်စွမ်းရည်ရှိပြီး 312ppi Resolution ရှိမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်းတွင် Android 4.1.2, 1.5 GHz quad-core processor, 2GB RAM နှင့် 32GB storage တို့ ပါဝင်မည် ဖြစ်သည်။ 8MP နှင့် 2MP ကင်မရာနှစ်လုံးကိုလည်း တပ်ဆင် ပေးထားမည်ဖြစ်သည်။

အချက်အလက် များအရ Ascend P6 ကို အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံး အဖြစ် အဓိကထား ထုတ်လုပ်ထားခြင်းဖြစ်ပြီး နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်း တစ်လုံးအတွက် ကင်မရာ အရည် အသွေးသည် အားရ ကျေနပ်မှု ရှိလောက်အောင် မမြင့်မား သည်ကို တွေ့ရသည်။ Huawei အနေဖြင့် လက်ရှိတွင် Huawei Ascend P2 ကို ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည်မြင့်မားသည့် ထိပ် တန်း စမတ်ဖုန်း စာရင်း ဝင်ခဲ့သည်။ Ascend P2 သည် Ascend P6 နှင့် အရွယ်အစား တူညီပြီး Android 4.1.2, 1.5 GHz quad-core processor နှင့် 32GB storage စွမ်းဆောင်ရည် ချင်း တူညီသည်။ ကင်မရာ အရည်အသွေးပိုင်း တွင်တော့ 13 MP ရှိသည့် Ascend P2 ၏ ကင်မရာ အရည်အသွေး နှင့် Ascend P6 က ယှဉ် ပြိုင်၍မရနိုင်ချေ။ Ascend P6 တွင် 2GB RAM နှင့် ပေါ့ပါးပါးလွှာသည့် အချက် နှစ် ချက်တည်းသာ Ascend P2 ထက် သာ သည်ကို တွေ့ရှိရသည်။ Ascend P6 တွင် ထည့်သွင်းမည့် လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များကို အပြည့် အစုံဖော်ပြ ခြင်း မရှိသေးပေ။

Ref & Credit to Smart Pro Journal, Myanmar Mobile app

No comments:

Post a Comment