အားပေးကြသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုရာဆန္ဒတစ်လုံးတ၀တည်းပြည့်စုံနိုင်ကြပါစေ

7/13/2013

Huawei Ascend P6 ထက် ပိုပါးသော စမတ်ဖုန်း UMEOX ကုမ္ပဏီမှ ထုတ်လုပ်

တရုတ်နိုင်ငံအခြေစိုက် UMOEX ကုမ္ပဏီမှ ကမ္ဘာ့အပါးဆုံး စမတ်ဖုန်းဟု ကြွေးကြော်ထားသော Huawei Ascend P6 ထက် ပိုပါးသော X5 အမည်ရှိ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်း၏ အထူမှာ ၅.၆ မီလီမီတာသာထူပြီး ၆.၁၈ မီလီမီတာထူသော Huawei Ascend P6 ထက် ၁.၃၃ လက်မ ပိုပါးကြောင်း သိရသည်။

ယင်း X5 အမည်ရှိ စမတ်ဖုန်းကို လာမည့်လ အနည်းငယ်အတွင်း၌ ရောင်းချပေးမည်ဖြစ်ပြီး အတွင်းပါဝင်မှု အသေးစိတ် ဖော်ပြချက်ကို UMOEX မှ တရားဝင် မထုတ်ပြန်သေးကြောင်း သိရသည်။ သို့သော် ပြီးခဲ့သည့် လအနည်းငယ်က Processor နှင့် မျက်နှာပြင် အရွယ်အစားတို့ ပေါက်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းတွင် ပါဝင်မည့် Processor မှ Dual Core Processor ဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၄ လက်မ ရှိမည်ဖြစ်ကြောင်း သိရသည်။ X5 ကို ပြင်သစ်ကို စတင် ရောင်းချမှာဖြစ်ပြီး လာမည့် နွေရာသီတွင် စတင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြင်သစ်ကို ရောင်းချပြီး လအနည်းငယ်တွင် အခြားဈေးကွက်သို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း UMOEX မှ တာဝန်ရှိသေူတစ်ဦးမှ ပြောကြားခဲ့စသည်။

Ref: Smart Pro Journal , Myanmar Mobile App Website

No comments:

Post a Comment