အားပေးကြသော မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုရာဆန္ဒတစ်လုံးတ၀တည်းပြည့်စုံနိုင်ကြပါစေ

7/13/2013

LG က ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း မျက်နှာပြင်မိတ်ဆက်



၂.၂ မီလီမီတာ အထူပဲရှိတံ့ LCD ဖန်သားပြင် ဖြစ်ပါတယ်။ full HD LCD panel ပါ။ အပါးဆုံး၊ အသန်မာဆုံး၊ အကြည်လင်းဆုံး ဆိုတဲ့ ဆောင်ပုဒ် သုံခု ကို အသုံးပြုပြီး ယခုရက်ပိုင်းအတွင်း မိတ်ဆက်ပြသလိုက်တာ ဖြစ်ပါတယ်။

၅.၂ လက်မ အရှည်ရှိပြီး ၂.၂ မီလီမီတာ အထူသာရှိတဲ့ ယင်း ဖန်သားပြင်မှာ
HD အရည်အသွေးမြင်ရအောင် ဖန်တီးမှုက လွယ်ကူတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် Samsung, Nokia, Apple တို့လည်း အပါးဆုံး စမတ်ဖုန်း၊ flexible စမတ်ဖုန်း နည်းပညာ ဖန်တီးမှုပြုလုပ်တာ အတော်ကြာ နေပါပြီ။

ပွဲဦးထွက်အနေနဲ့ Samsung ကလည်း ယမန်နှစ်ကတည်းက ပါးလွှာပြီး ကွေးလို့ရတဲ့ မျက်နှာပြင်ကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Samsung Galaxy Note 3 က flexible မျက်နှာပြင်ဖြစ် မလားလို့ တောင် rumor ထွက်နေပါတယ်။ LG က ဖန်တီး လိုက်တဲ့ ယင်းနည်းပညာကိုတော့ နောက်နှစ်အတွင်း လက်တွေ့အသုံး ချ တော့မယ် ဆိုပါတယ်။

နောက်ပိုင်း LG စမတ်ဖုန်းနဲ့ IT Gadgets များ ထုတ်လုပ်မှုမှာ ပါးလွှာပြီး ပျော့ ပြောင်းတဲ့ မျက်နှာသုံး ဖန်သားပြင် နည်းပညာ ကို တွေ့မြင်ရစေမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Ref: cnet
Ref & Credit: Aung Kham (Guide Magazine), Myanmar Mobile App Website

No comments:

Post a Comment